Thursday, February 7, 2008

ဗုဒ္ဓအပေါ်တွင်အထင်အမြင်လွဲမှားမှု

ယနေ့ဗုဒ္ဓဘာသာဝင်များသည် စီးပွားရေးလူမှုရေးစသည့် လောကီရေးရာကိစ္စများ
တွင်ဗုဒ္ဓဟောကြားခဲ့သော တရားတော်များ၊ဂါထာတော်များကို တလွဲအသုံးချလျှက်
ရှိကြသည်။ အမှန်မှာ ထိုတရားတော်များ၊ဂါထာတော်များသည် သတ္တ၀ါများ၏
ကောင်းကျိုအလို့ငှာ လိုက်နာကျင့်ကြံနိုင်ရန်ဟောကြားထားခြင်းဖြစ်သည်။
စဏ္ဍာလသုတ်တော်တွင် ဘုရားရှင်က"ချစ်သားတို့ အသင်တို့သည်ငါ့အား
စီးပွားအကျိုးလိုလားသောကြောင့် ငါ့အားမကိုးကွယ်ကြကုန်လင့် ငါသည်ကား
ထိုကိစ္စများကိုမစွမ်းဆောင်နိုင် လမ်းညွှန်ရုံသာတတ်နိုင်ပေသည် ထိုကဲ့သို့ငါ့
အားစီးပွားရေးကိစ္စအလို့ငှာကိုးကွယ်သောသူအား သူတောင်းစားနှင့်တူသော
ဗုဒ္ဓဘာသာဝင်ဟုငါသည်သမုတ်အပ်၏။"ဟုဟောကြားတော်မူသည်